TV
ဗွီအိုအေ မြန်မာနံနက်ခင်း အောက်တိုဘာ ၈၊ ၂၀၂၂
ယူကရိန်းကောက်ပဲသီးနှံတင်ပို့မှု သက်တမ်းတိုးဖို့ ကုလကြိုးပမ်း ၊ ရုရှားလူ့အခွင့်အရေး စုံစမ်းရေးမှူးခန့်ထားဖို့ ကုလဆုံးဖြတ်၊ အာတိတ်ဒေသဆိုင်ရာ ကန်မဟာဗျူဟာသစ် စတဲ့သတင်းတွေနဲ့ ကန် ဒဏ်ခတ်အရေးယူမှုအပေါ် သုံးသပ်သူတချို့အမြင်၊ ထိုင်းနယ်စပ် မြဝတီတံတားအမှတ် (၂) ပြန်လည်ဖွင့်လှစ် စတာတွေကို နားဆင်ကြည့်ရှု့ကြရမှာပါ။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ အောက်တိုဘာ ၈ ရက်၊ ၂၀၂၂
စစ်တပ်ကိုလေယာဉ်ဆီရောင်းချတဲ့ ကုမ္ပဏီ မြန်မာပြည်က ထွက်ဖို့ပြင်ဆင်၊ မြောက်ကိုရီးယား ဒုံးကျည်ပစ်ခတ်မှု ဒေသတွင်း တင်းမာမှုမြင့်မား၊ ထိုင်းမှာ ရဲအရာရှိဟောင်းပစ်ခတ်မှု မူကြိုကလေး အများအပြား သေဆုံး၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်း သတင်းစုစည်း တင်ပြချက်နဲ့ စစ်အာဏာသိမ်း တနှစ်ခွဲကျော်အကြာ စစ်ကောင်စီရင်ဆိုင်နေရတဲ့ အခြေအနေ ဘယ်လိုရှိလဲ သတင်းထောက်မှတ်စုတို့ကို ၂၀၂၂ အောက်တိုဘာ ၈ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း (အောက်တိုဘာ ၈၊ ၂၀၂၂)
ရုရှားနဲ့ ခရိုင်မီးယားကို ဆက်ထားတဲ့ အဓိကတံထား ဖောက်ခွဲဖျက်ဆီးခံရ၊ ထိုင်း နေ့ကလေးထိန်းကျောင်းမှာ အသတ်ခံရသူတွေအတွက် ကျန်ရစ်သူတွေ ရေစက်ချ အမျှပေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းက အလုပ်သမားတွေကို အလုပ်ဖြုတ်ဖို့ အလုပ်ရှင်တွေကို အာဏာပိုင်တွေက ဖိအားပေးတဲ့အကြောင်း ဒို့အသံ နဲ့ စနေည အပတ်စဉ်ကဏ္ဍတွေ ရှုစားနားဆင်ရပါမယ်။