Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၀၆:၀၀ - ၀၆:၅၉

ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန် ၁၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းထဲကမြို့နယ်တချို့မှာ ကျေးရွာတွေမီးရှို့ခံခဲ့ရပြီးအရပ်သားတချို့ အသတ်ခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ ရန်ကုန်စက်မှုဇုံတွေမှာ အလုပ်သမားခံစားခွင့် တွေမပေးလိုတဲ့လုပ်ငန်းရှင်တွေကအချိန်ပိုင်းနေ့စားအလုပ်သမားတွေကိုဘဲခန့်ထားလာကြပါတယ်။ ICJနဲ့ ICC လိုနိုင်ငံတကာခုံရုံးမှာတရားစွဲခံထားရတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့လူ့အခွင့်ရေးချိုးဖေါ က်မှုတွေကို တူရကီကပါလက်ခံစစ်ဆေးနေပါတယ်။ ဒါ့အပြင် လူမှုကွန်ယက်ပေါ်ကသတင်းများ၊ အမေရိကန်နိုင်ငံရေး၊ မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား စတဲ့အပတ်စဉ်ကဏ္ဍတွေကို လည်းနားဆင်ရပါမယ်။

၂၁:၀၀ - ၂၁:၅၉

ဗွီအိုအေရေဒီယိုညပိုင်း ဇွန် ၁၅၊ ၂၀၂၂

ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီ ထပ်မံ ဖိတ်ခေါ်၊ ရွှေဘိုမြို့အနီး စစ်ကောင်စီဖမ်းသွားသူ ၈ ဦးရဲ့ အလောင်းတွေ့ရှိ၊ ကယား၊ ဖရူဆိုမြို့ဝန်းကျင်မှာ ၆ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ၊ ပုဂံယဉ်ကျေးမှုနယ်မြေမှာ စစ်ကောင်စီ လုံခြုံရေးအင်အား တိုးချထား၊ ဒီမိုကေရစီအရေး လှုပ်ရှားသူတွေအပေါ် ချထားတဲ့ ကြိုးမိန့်တွေ ရုပ်သိမ်းပေးဖို့ လူ့အခွင့်အရေးမဟာမင်းကြီး တောင်းဆို စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ မြန်မာ့အရေးသုံးသပ်ချက်နဲ့ အားကစားကဏ္ဍတွေကို ထုတ်လွှင့်ပေးသွားမှာပါ။

XS
SM
MD
LG