TV
ဗွီအိုအေ မြန်မာ နံနက်ခင်း (ဇူလိုင် ၂ ၇က်၊ ၂၀၂၂)
ယူကရိန်းအတွက် အမေရိကန် စစ်လက်နက် ထပ်မံပေးအပ်မည်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးရေး “မဖြစ်နိုင်ဘူးလို့ မပြောနိုင်ကြောင်း” ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား၊ ပုဂံမှာကျင်းပမယ့် လန်ချန်း-မဲခေါင်ညီလာခံ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်မည်.. စတဲ့ထိပ်တန်းသတင်းများ။ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong ရဲ့မလေးရှားခရီးစဉ်မှာ မြန်မာ့အရေးဆွေးနွေးဖွယ်ရှိ ဆိုတဲ့ သတင်းပေးပို့ချက်။ အမျိုးသမီးကဏ္ဍ၊ သိပ္ပံနဲ့နည်းပညာ၊ သုတစုံလင် အမေရိကန်တခွင် အပတ်စဉ်ကဏ္ဍများ။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇူလိုင် ၂ ရက်၊ ၂၀၂၂)
အာဆီယံအထူးသံ မြန်မာနိုင်ငံ ဒုတိယခရီးစဉ် ရောက်ရှိ၊ စစ်တပ်ကျူးလွန်မှုကြုံရတဲ့ ရိုဟင်ဂျာအမျိုးသမီးလေးများ အာဂျင်တီးနားတရားရုံးမှာ ထွက်ဆိုဖို့ရှိ၊ ယူကရိန်းအတွက် အကူအညီထပ်တိုးရေး နေတိုးထိပ်သီးစည်းဝေးပွဲမှာ ဆွေးနွေး၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်း သတင်းစုစည်း တင်ပြချက်နဲ့ မြန်မာမှာ လုံခြုံတပ်တွေကြောင့် ထိခိုက်ရတဲ့ လူထု အကာအကွယ်ရဖို့ တောင်းဆိုမှုအကြောင်း သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ ဇူလိုင်လ ၂ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေမြန်မာညချမ်း ဇူလှိုင်၂၊၂၀၂၂
အာဆီယံအထူးသံ နိုင်ငံရေးပါတီ ၇ ပါတီနဲ့တွေ့ဆုံ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ပုဂံညောင်ဦးဆိုက်ရောက်၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု ကရင်ကျေးရွာသားနှစ်ဦးသေဆုံး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။