TV
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇူလိုင် ၃၀၊ ၂၀၂၂)
ယူကရိန်း စစ်သုံ့ပန်းတွေ သေဆုံးတဲ့ တိုက်ခိုက်မှုအတွက် အပြန်အလှန်စွပ်စွဲ၊ ကန် နိုင်ငံခြားရေးဝန်ကြီး အရှေ့တောင်အာရှ ခရီးစဉ်မှာ မြန်မာ့အရေး ဆွေးနွေးမည်၊ စီးပွားရေးအကျပ်အတည်း ကြုံရမှာ မြန်မာလုပ်ငန်းရှင်တွေစိုးရိမ် စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ စတဲ့အပတ်စဉ် အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ ဇူလိုင် ၃၀၊ ၂၀၂၂
စစ်ကောင်စီသေဒဏ် စီရင်မှု နိုင်ငံတကာက အပြင်းအထန် အပစ်တင်၊ ဖိလစ်ပိုင်နိုင်ငံမှာ အင်အားပြင်းငလှုပ်၊ ဒီလို မြန်မာနဲ့ကမ္ဘာ တပတ်အတွင်း သတင်းစုစည်း တင်ပြချက်နဲ့ စစ်ကောင်စီ သေဒဏ်ချမှတ်မှုနောက် နိုင်ငံတကာနဲ့ ပြည်တွင်း ဝေဖန်ချက်များ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ ဇူလိုင်လ ၃၀ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဇူလိုင် ၃၀၊ ၂၀၂၂
ရန်ကုန် မြို့တော်ခမ်းမအနီး ပေါက်ကွဲမှုဖြစ်ပွား၊ တောင်ကိုရီယားနဲ့ဩစတေးလျမှာ စစ်ကောင်စီကိုရှုတ်ချဆန္ဒပြ မြန်မာ့အရေး နိုင်ငံတကာလက်တွေ့ပူးပေါင်းလှုပ်ရှားဖို့ NUG တောင်းဆို စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့နိုင်ငံတကာသတင်းစုစည်းမှုတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။