TV
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇူလိုင် ၃၁ ၊ ၂၀၂၂)
စစ်သုံ့ပန်းတွေ သေဆုံးတဲ့တိုက်ခိုက်မှုကို စုံစမ်းဖော်ထုတ်ဖို့ ယူကရိန်းတောင်းဆို၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကွပ်မျက်ခံရမှုအတွက် မြန်မာသံအမတ်ကို ပြင်သစ်ဆင့်ခေါ်ကန့်ကွက်၊ ဂျပန်ဓာတ်ပုံဆရာ ရန်ကုန်မှာဖမ်းဆီးခံရ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အပတ်စဉ် တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ ဇူလိုင် ၃၁ ရက်၊ ၂၀၂၂
အူမကြီးကင်ဆာ စောစီးသိရှိ ကုသဖို့ ဘယ်လို စစ်ဆေးမှုတွေလုပ်ရမဲဆိုတာ သိရမယ့် လူထုနဲ့ကျန်းမာရေး၊ ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ ဇူလိုင် ၃၁ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင် ၃၁၊ ၂၀၂၂
ပြည်ပရောက် မြန်မာတွေအတွက် ဘန်ကောက်မြို့က Mandalay မြန်မာစားသောက်ဆိုင်၊ ယူကရိန်းနဲ့ ပိုလန်နိုင်ငံက နာမည်ကြီး တင်းနစ်ကစားသမားတွေပေါင်းပြီး ယူကရိန်း စစ်ပွဲအတွက် ရန်ပုံငွေကောက်ခံကြတာ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်ကပေးစာ၊ သတင်းတွေထဲကသုတနဲ့ ကမ္ဘာတလွှားထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ပေးသွားပါမယ်။