TV
ဗွီအိုအေ မြန်မာနံနက်ခင်း (ဇူလိုင် ၃ ရက်၊ ၂ဝ၂၂)
မြန်မာနယ်စပ်မှာ လေယာဉ်ပျံသန်းမှု ကန့်သတ်ဖို့ ထိုင်းလူ့အခွင့်အရေးအဖွဲ့တောင်းဆို၊ အီရန်မှာ အင်အားပြင်း ငလျင်လှုပ်ခတ် ၊ အမေရိကန်မှာ လေယာဉ်ခရီးစဉ် ရာနဲ့ချီဖျက်ရ၊ ပစ္စည်းပြတ်လပ်မှုကြောင့် အမေရိကန် လွတ်လပ်ရေးနေ့ မီးရှုးမီးပန်းလွှတ်ဖို့ အခက်တွေ့ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။
ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဇူလိုင် ၃ ရက်၊ ၂၀၂၂)
ဝမ်းချုပ်စေတဲ့အကြောင်းအရာများ လူထုနဲ့ ကျန်းမာရေး၊ ဂျော်ဂျီယာချောက်ကမ်းပါးက ဖန်သားတံတားရှည်ကြီး ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ဒါ့အပြင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ ဇူလိုင် ၃ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း ဇူလိုင် ၃၊ ၂၀၂၂
ဆယ်စုနှစ်တခုကြာ ဒုက္ခသည်စခန်းအတွင်း နေထိုင်ရတဲ့ ရခိုင် မွတ်ဆလင်တွေရဲ့ အခက်အခဲ၊ သြစတြေးလျပင်လယ်ပြင်က အမှိုက်ရှင်းမယ့် နည်းလမ်းသစ်၊ မိုးခေါင်ရေရှားမှုဒဏ် ကြုံနေရတဲ့ အီရတ်က ဂျုံစိုက်တောင်သူတွေ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်ကပေးစာ၊ သတင်းတွေထဲကသုတနဲ့ ကမ္ဘာတလွှားထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ပေးသွားပါမယ်။