TV
၂၀၂၂ ဇွန်လ(၆)ရက် တနင်္လာနေ့ မနက်ခင်း VOA
JUNE(6)- နိုက်ဂျီးရီးယား ကက်သိုလစ်ဘုရားကျောင်း တိုက်ခိုက်မှု လူပေါင်းဒါဇင်နဲ့ချီသေဆုံး ၊ ပစိဖိတ်သမုဒ္ဒရာကို ရွက်လှေနဲ့ တကိုယ်တော်ဖြတ်သန်းခဲ့တဲ့ ဂျပန်အဖိုးအို ၊ ပြင်သစ်အိုးပင်းတင်းနစ် အမျိုးသားပွဲ Rafael Nadal ဗိုလ်စွဲ ..ထိပ်တန်း သတင်းတွေနဲ့အတူ ယူကရိန်းစစ်ပွဲ ရက်(၁၀၀)ပြည့် အခြေအနေ၊ မြန်မာနိုင်ငံကို အမေရိကန်က သွားရောက်သူဦးရေ ကျဆင်း စတဲ့သတင်းပေးပို့ချက်များ။ အပတ်စဉ်ကဏ္ဍမှာတော့- ကမ္ဘာ့မြန်မာ့ သတင်းမီဒီယာမြင်ကွင်း၊ မြန်မာပြည်မှ ပေးစာ၊ သတင်းထဲကသုတ၊ ထူးခြားဆန်းပြားသတင်းများ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၀၆-၂၀၂၂)
ယူကရိန်းနိုင်ငံ အရှေ့ဘက်ခြမ်းဒေသ တချို့နေရာတွေကို ရုရှားဘက်က ပြန်ထိန်းချုပ်ထားတယ်လို့ ဒေသ အုပ်ချုပ်ရေးမှုးပြော၊ မြန်မာနိုင်ငံမှာ ၈၈ မျိုးဆက်ခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်တို့အပေါ် ချမှတ်ထားတဲ့ သေဒဏ်ကို စစ်ကောင်စီက အတည်ပြုခဲ့တာနဲ့ပါတ်သက်လို့ အမေရိကန်အစိုးရက ပြင်းပြင်းထန်ထန် အပြစ်တင်၊ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အတွင်း မြန်မာစစ်တပ်ဘက်က နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေပြီး ကျေးရွာတချို့ကို မီးရှို့
ဗွီအိုအေရေဒီယိုညပိုင်း ဇွန် ၆၊ ၂၀၂၂
ကန့်ဘလူမှာ လက်နက်ကြီးထိလို့ မိသားစုဝင် ၃ ဦးသေဆုံး၊ မြ၀တီခရိုင်၊ ဖလူးလေးကျေးရွာသားတွေ နေရပ်ပြန်ဖို့ နယ်ခြားစောင့်တပ်တိုက်တွန်း၊ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ လုယက်၊ ဖောက်ထွင်းမှုတွေများလာ စတာတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ၊ သက်တံရောင်သတင်းလွှာတို့ကို တင်ဆက်ပေးသွားမှာပါ။