TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဇွန် ၂၁၊ ၂၀၂၂။
စစ်ကောင်စီ အကြီးအကဲနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့ကြား ငြိမ်းချမ်းရေး ဆွေးနွေး၊ ပုဏ္ဏာကျွန်းမှာ အရပ်သားတွေ ဖမ်းခံရ၊ ဖားကန့်မှာ လူသုံးဦး သတ်ဖြတ်ခံရမှု၊ မောင်တောက ပညာရေး ၀န်ထမ်း တချို့ ပြန်ပေးဆွဲခံရတဲ့ သတင်းတွေနဲ့ အတူ စီးပွားရေး၊ ဘလော့ဂါတွေ ပြောသမျှ၊ သက်တန့်ရောင် သတင်းလွှာတို့ကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၆-၂၁-၂၀၂၂)
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Sievierodonetsk ဒေသမှာ ပစ်ခတ် တိုက်ခိုက်မှုတွေ ပြင်းထန်ခဲ့တယ်လို့ ယူကရိန်းဘက်ကပြော၊ ယူကရိန်းစစ်ပွဲအတွင်း အိုးမဲ့အိမ်မဲ့ ကလေးငယ်တွေကို ကူညီဖို့ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရုရှားသတင်းစာဆရာ Dmitry Muratov လေလံတင် ရောင်းချရာမှာ ဒေါ်လာ ၁၀၃ သန်းခွဲရ၊ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်က ထောင်တွင်း အထူးတရားရုံးမှာ ပြောင်းရွှေ့စစ်ဆေးဖို့ရှိ
ဗွီအိုအေရေဒီယိုညပိုင်း ဇွန် ၂၁၊ ၂၀၂၂
မြန်မာ့အကျပ်အတည်း ကူညီမယ့် ဗျူဟာသစ် ကနေဒါ ထုတ်ပြန်၊ နိုင်ငံတကာ ယောဂကျင့်စဉ်နေ့ အိန္ဒိယမှာ ဝန်ကြီးချုပ်မိုဒီး ဦးဆောင်ကျင်းပ၊ မြန်မာ့ခရီးသည်တင်ယာဉ်လိုင်းတွေ အခက်ခဲဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရ၊ ထိုင်းနိုင်ငံရောက် ရေလုပ်သားတွေအတွက် အလုပ်လုပ်ခွင့်ဗီဇာ ၂ နှစ်တိုးပေး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေးနဲ့ ကမ္ဘာတလွှားခရီးသွားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။