TV
ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ်လ ၁၅၊ ၂၀၂၂။
ဒေါ်အောင်ဆန်းစုကြည် အမှုတွေကို တနလာင်္နေ့မှာ စီရင်ချက်ချမယ့် အခြေအနေ၊ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ဘင်္ဂလားဒေရှ့် ခရီးစဉ်၊ သြစတြေးလျ အစိုးရသစ် လက်ထက် လူဝင်မှုကြီးကြပ်ရေး မူဝါဒနဲ့ သတင်းပတ်စဉ် ကဏ္ဍတွေထဲမှာတော့ မြန်မာ့ စီးပွားရေး အကျပ်အတည်းကို ဆွေးနွေးထားတဲ့ ကမ္ဘာ့ မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်က ပေးစာ၊ သတင်းတွေထဲက သုတနဲ့ ထူးခြားဆန်းပြား သတင်းများ အစီအစဉ်တို့ကို နားဆင်ကြရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၁၅ ၊ ၂၀၂၂)
ယူကရိန်းအရှေ့ပိုင်း Donbas ဒေသနဲ့ တောင်ပိုင်း မြို့ကြီးတချို့ကို ရုရှားက အမြောက်တွေနဲ့ အပြင်းအထန် ပစ်ခတ်၊ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိ ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်၊ မြန်မာနိုင်ငံမှာ ဒေါ်လာဈေး ကစားမှုတွေကြောင့် ရွှေဈေး ထိန်းသိမ်းရခက်…စတဲ့ နောက်ဆုံးရသတင်းနဲ့ သတင်းဆောင်းပါးတွေ တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဩဂုတ် ၁၅၊ ၂၀၂၂
အဂတိလိုက်စားမှု ၄ မှုအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၆ နှစ်ချ။ ရွှေဈေး ၂၁ သိန်းကျော်အထိ မြင့်တက်။ မြ၀တီမြို့မှာ ငွေလဲသူတချို့ ဖမ်းဆီးစစ်ဆေးခံရ။ စတဲ့သတင်းဆောင်းပါးတွေအပြင် သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော်ဂါတွေပြောသမျှ၊ သက်တံ့ရောင်သတင်းလွှာ စတဲ့ အပါတ်စဉ် အစီအစဉ်တွေကို ရှုစားရပါမယ်။