TV
ဗွီအိုအေ မြန်မာနံနက်ခင်း (သြဂုတ် ၁၄ ရက်၊ ၂၀၂၂)
ယူကရိန်းနျူကလီးယားစက်ရုံအနီး ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွား၊ စာရေးဆရာ ရပ်ရှ်ဒီး တိုက်ခိုက်သူ လူသတ်ဖို့ ကြိုးစားမှုနဲ့ အရေးယူ၊ တရုတ်နိုင်ငံက အလိုရှိနေသူ ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး စတဲ့ထိပ်တန်းရောက် သတင်းတွေနဲ့အတူ၊ ရှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်းနဲ့ တွေ့ဆုံမေးမြန်းခန်း၊ အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဉ်တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ တနင်္ဂနွေမဂ္ဂဇင်း၊ သြဂုတ်လ ၁၄ ရက်၊ ၂၀၂၂
ကိုဗစ်နဲ့ တုပ်ကွေးရောဂါလက္ခဏာတွေ ခွဲခြားပြောပြထားတဲ့ လူထုနဲ့ကျန်းမာရေး၊ Istanbul က ကမ်းခြေတွေဆီသွားရမယ့် ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ သြဂုတ်လ ၁၄ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း သြဂုတ် ၁၄ ၊ ၂၀၂၂
မလေးရှားရောက် မြန်မာဒုက္ခသည်တွေကို အသက်မွေးဝမ်းကျောင်းသင်တန်း ပို့ချပေးမည်၊ ကုလ လူ့အခွင့်အရေးမဟာမင်းကြီး ဘင်္ဂလားဒေ့ရှ်သွားမည်၊ ထိုင်ဝမ်ကို အမေရိကန်အမတ် ၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ရောက်၊ ဥတုရာသီပြောင်းလဲမှုကြောင့် အီတလီက ကမ္ဘာကျော်ဝိုင်ထုတ်လုပ်ရေးလုပ်ငန်း ထိခိုက် စတာတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်ကပေးစာ၊ သတင်းတွေထဲကသုတနဲ့ ကမ္ဘာတလွှားထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ပေးသွားပါမယ်။