TV
ဗွီအိုအေ မြန်မာနံနက်ခင်း (သြဂုတ်လ ၂၇ ရက်၊ ၂၀၂၂)
ရုရှားသိမ်းပိုက် နျူကလီးယားစက်ရုံမှ လျှပ်စစ်ဓာတ်အား ယူကရိန်းပြန်လည်ရရှိ ၊ တရုတ်အခြေစိုက် စီးပွါးရေးလုပ်ငန်းတွေ ကန် စစ်ဆေးနိုင်ရေး ၂ နိုင်ငံသဘောတူ၊ Donald Trump အိမ်မှ ရယူခဲ့တဲ့ စာရွက်စာတမ်းများထဲ ထိပ်တန်းလျှို့ဝှက်တွေပါဝင် စတဲ့သတင်တွေနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ကြုံနေရတဲ့ လူထုအခက်အခဲ ၊ စစ်ကောင်စီရဲ့ မုံရွာ-လယ်ဇင်း နယ်မြေရှင်းလင်းရေး လုပ်ရပ်-သတင်းပေးပို့ချက်များ။ အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ အပတ်စဉ်ကဏ္ဍတွေ နားဆင်ရပါမယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း၊ သြဂုတ် ၂၇ ရက်၊ ၂၀၂၂
ကုလသံအထူးကိုယ်စားလှယ်ခရီး ၂ ဘက် ဝေဖန်မှုတွေ ထွက်ပေါ်၊ ယူကရိန်းကို ရုရှားကျူးကျော်မှု ၆ လ ပြည့် စစ်ပွဲတွေ ပြင်းထန်နေ၊ ဒီလို မြန်မာနဲ့ ကမ္ဘာတပတ်အတွင်းသတင်းစုစည်းတင်ပြချက်နဲ့ ကုလအထူးသံ စစ်ကောင်စီနဲ့ တွေ့ဆုံမှု NUG ဝေဖန်၊ ကုလသံထုတ်ပြန်ချက် စစ်ကောင်စီ ဘဝင်မကျ ဒါတွေကို တင်ဆက်ထားတဲ့ သတင်းထောက်မှတ်စုတို့ကို ၂၀၂၂ သြဂုတ် ၂၇ ရက် စနေ၊ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာ စနေညချမ်း သြဂုတ်လ ၂၇ ရက်
ဗွီအိုအေ မြန်မာ စနေညချမ်း သြဂုတ်လ ၂၇ ရက် ကရိန်းက နျူကလီယားစက်ရုံ အန္တရာယ် ရှိနေဆဲ အခြေနေ၊ သမ္မတဟောင်း ထရမ့်ရဲ့ ဖလော်ရီဒါနေအိမ်မှာ FBI ရှာတွေ့ခဲ့တဲ့ စာရွက်စာတမ်းတွေနဲ့ ပါကစ္စတန်ရေကြီးမှုမှာ လူပေါင်း ၁ ထောင်လောက် သေဆုံးရတာအပြင် ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး မလေးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက် သတင်းတွေ နဲ့အတူ မြန်မာ့လူ့အခွင့်အရေးအခြေနေတင်ပြတဲ့ ဒို့အသံအစီအစဉ်၊ ဒီမိုကရေစီ လူအခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ နဲ့ တပတ်အတွင်း မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို နားဆင် ကြည့်ရှုရမှာ ဖြစ်ပါတယ်။