TV
ဗွီအိုအေ မြန်မာနံနက်ခင်း (သြဂုတ် ၂၁ ရက်၊ ၂၀၂၂)
ဆိုမာလီဟိုတယ် စစ်သွေးကြွတွေ တိုက်ခိုက်မှု အနည်းဆုံး ၂၀ သေ၊ မူးယစ်မှောင်ခိုသူတွေကို ဘန်ကောက်မြို့မှာ ထိုင်းအာဏာပိုင်တွေ စီးနင်းရှာဖွေ၊ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အပတ်စဉ်တင်ဆက်နေတဲ့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
ဗွီအိုအေ တီဗွီမဂ္ဂဇင်း၊ သြဂုတ်လ ၂၁ ရက်၊ ၂၀၂၂
သွေးတိုးရောဂါအန္တရာယ် ရှောင်ရှားနိုင်ဖို့ လူထုနဲ့ကျန်းမာရေး၊ ပြင်သစ်က ဗာဆိုင်းနန်းတော်ဆီသွားရမယ့် ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတ၊ ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ သြဂုတ်လ ၂၁ ရက်၊ တနင်္ဂနွေ ဗွီအိုအေ တီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ မြန်မာညချမ်း သြဂုတ် ၂၁ ၊ ၂၀၂၂
ရုရှားသမ္မတ ပူတင်ရဲ့ မဟာမိတ်သမီး လုပ်ကြံ သတ်ဖြတ်ခံရ၊ အိန္ဒိယ ရေကြီး မြေပြိုမှု လူ ၅၀ ထက်မနည်းသေ၊ ရိုဟင်ဂျာဒုက္ခသည်တွေကို ရေရှည်လက်ခံထားဖို့ အခက်အခဲရှိကြောင်း ဘင်္ဂလားဒေ့ရှ်ပြော စတဲ့သတင်းတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်းများတို့ကို တင်ဆက်ပေးသွားပါမယ်။