Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၀၆:၀၀ - ၀၆:၅၉

ဗွီအိုအေ မြန်မာနံနက်ခင်း သြဂုတ် ၁၀၊ ၂၀၂၂။

သမ္မတဟောင်းထရမ့် အပမ်းဖြေအိမ် FBI ရှာဖွေမှု ရီပတ်ဘလစ်ကန်တွေကန့်ကွက်၊ ရုရှားလေတပ်စခန်းမှာ ပေါက်ကွဲမှုဖြစ်၊ ဖားကန့်က တိုက်ပွဲကြား ဒေသခံတချို့ပိတ်မိ၊ ကျောက်ကြီးမြို့နယ် တိုက်ပွဲတွေကြောင့် ဒေသခံရွာသားတွေတိမ်းရှောင် စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ ကမ္ဘာ့မီဒီယာတွေမှာ ရေးသားကြတဲ့ မြန်မာနိုင်ငံအကြောင်း ကောက်နုတ်ဖော်ပြချက်နဲ့ အပတ်စဉ် ကဏ္ဍတွေဖြစ်ကြတဲ့ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ အမေရိကန်နိုင်ငံရေး၊ ISP မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။

၁၉:၀၀ - ၁၉:၂၉

နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၁၀ ၊ ၂၀၂၂)

ယူကရိန်း ကျူးကျော်စစ်မှာ သုံးဖို့ စေတနာ့ဝန်ထမ်းတွေ ပါဝင်တဲ့ မြေပြင်တပ်ဖွဲ့ အသစ်တစ်ခုကို ရုရှားဘက် ဖွဲ့စည်းပြီးသလောက် ဖြစ်နေပြီလို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြော၊ကိုယ်ပိုင်အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို ထိန်းချုပ်နိုင်ရေး စစ်ရေးအရ အင်အားသုံးသွားမယ့်အကြောင်း တရုတ်နိုင်ငံက ထပ်လောင်း အတည်ပြု၊ကျုးဘားနိုင်ငံ အနောက်ပိုင်း ရေနံနဲ့ လောင်စာ သိုလှောင်ကန်ကြီးတွေ ၅ ရက်ဆက်တိုက် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီး အခုတော့ မီးကို ငြိမ်းသတ်နိုင်ခဲ့ပြီလို့ ကျုးဘား သမ္မတ က ပြော .... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။

XS
SM
MD
LG