TV
ဗွီအိုအေ မြန်မာနံနက်ခင်း၊ သြဂုတ် ၁၆၊ ၂၀၂၂။
ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်မှု EU ရှုတ်ချ၊ သန်းနဲ့ချီတဲ့ အာဖဂန်ပြည်သူတွေ အငတ်ဘေးကြုံရနိုင်ဖွယ်ရှိ့စတဲ့သတင်းတွေနဲ့ ကော့ကရိတ် မြို့မရဲစခန်း KNU ဝင်တိုက်တာ စတဲ့- သတင်းဆောင်းပါးတွေကိုလည်းတင်ပြဖို့ရှိပါတယ်။ သတင်းထောက်မှတ်စု၊ စီးပွါးရေး၊ Blogger တွေပြောသမျှနဲ့ သက်တန့်ရောင်သတင်းလွှာအစီအစဉ်တွေကိုလည်းထုတ်လွှင့်တင်ဆက်ပေးပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၁၆ ၊ ၂၀၂၂)
မြန်မာနိုင်ငံဆိုင်ရာ ကုလ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိ၊ လူ့အခွင့်အရေးဆိုင်ရာ ကုလ မဟာမင်းကြီး Michelle Bachelet ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားရောက်၊ ရုရှား နျူကလီးယား လုပ်ငန်းတွေကို ပိတ်ဆို့ ဒဏ်ခတ်ဖို့ ယူကရိန်း တောင်းဆို..စတဲ့ နောက်ဆုံးရသတင်းတွေ တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း သြဂုတ် ၁၆၊ ၂၀၂၂
ကုလအတွင်းရေးမှူချုပ် အထူးကိုယ်စားလှယ် Noeleen Heyzer မြန်မာနိုင်ငံရောက်၊ လူ့အခွင့်ရေး မဟာမင်းကြီး Michelle Bachelet ရိုဟင်ဂျာဒုက္ခသည်စခန်းသွား၊ တောင်ကိုရီးယားနဲ့ အမေရိကန် စစ်ရေးလေ့ကျင့် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ အမေရိကန်နိုင်ငံရေး၊ မြင်ကွင်းကျယ်မှတ်စုနဲ့ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။