TV
သြဂုတ် ၃၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
တရုတ်ကန့်ကွက်မှုကြားက အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်သွားရောက်၊ စစ်ကောင်စီ အရေးပေါ် အခြေအနေ သက်တမ်းတိုးတဲ့အပေါ် ကုလအကြီးအကဲစိုးရိမ်၊ မြန်မာအရေး ဆွေးနွေးမယ့် အာဆီယံအစည်းအဝေး စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ အမေရိကန် လွှတ်တော်ဥက္ကဋ္ဌရဲ့ ထိုင်ဝမ်ခရီးစဉ်အပေါ် သုံးသပ်ချက်၊ ဆိုရှယ်မီဒီယာပေါ်က လူကြည့်များသတင်း၊ အမေရိကန်နိုင်ငံရေး၊ ISP မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား အပတ်စဉ် ကဏ္ဍတွေကိုလည်း နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၃ ရက်၊ ၂၀၂၂)
ပဋိပက္ခတွေ အကြပ်အတည်းမျိုးစုံ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတည်ငြိမ်ရေး စစ်ကောင်စီရဲ့ ကြိုးပမ်းချက်တွေကို ရုရှားနိုင်ငံအနေနဲ့ ထောက်ခံကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov ပြော၊ မြန်မာနိုင်ငံမှာ အကျဉ်းသားတွေကို စစ်ကောင်စီဘက်က ထပ်ပြီး ကွပ်မျက်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့ ချဉ်းကပ်ပုံ ပြောင်းလဲ လုပ်ဆောင်ရလိမ့်မယ်လို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် သတိပေး၊ ထိုင်ဝမ်ကို သွားရောက်တဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ဟာ ထိုင်ဝမ်သမ္မတ Tsai Ing-wen နဲ့ တွေ့ဆုံအပြီးမှာပဲ ခရီးစဉ်အဆုံးသတ်ပြီး ထိုင်ဝမ်ကနေ ပြန်လည်ထွက်ခွာ.... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဩဂုတ် ၃၊ ၂၀၂၂
သေဒဏ်ကွပ်မျက်စီရင်မှုထပ်မလုပ်ဖို့ အာဆီယံဥက္ကဌသတိပေး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး စစ်ကောင်စီခေါင်းဆောင်တွေနဲ့တွေ့ဆုံ၊ “ဂျပန်နိုင်ငံသားတဦးကိုဖမ်းဆီးစစ်ဆေးနေ” စစ်ကောင်စီအတည်ပြု စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။