TV
သြဂုတ် ၄၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
မြန်မာ့အရေး တိုးတက်မှုမရှိလို့ အာဆီယံအဖွဲ့ဝင်တွေစိတ်ပျက်၊ မြ၀တီခရိုင် တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၃၀၀ ကျော် ထိုင်းဖက်တိမ်းရှောင်၊ ထိုင်ဝမ်အပေါ် တရုတ်က ရန်မလိုဖို့ အမေရိကန်နဲ့ G-7 သတိပေး၊ အယ်လ်ခိုင်းဒါးခေါင်းဆောင် သေဆုံးမှုအပေါ် ဆန်းစစ်ချက် စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင် အပတ်စဉ်ကဏ္ဍတွေ ဖြစ်ကြတဲ့ သတင်းသုံးသပ်ချက်၊ လူထုနဲ့ကျန်းမာရေး၊ အားကစားအစီအစဉ် တွေကိုလည်း နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (သြဂုတ် ၄ ရက်၊ ၂၀၂၂)
အာဆီယံ အရှေ့တောင်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့ ရောက်ရှိ၊ မြန်မာနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ Toru Kubota ကို လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုအပြင် နိုင်ငံရေးပုဒ်မနဲ့ စစ်ကောင်စီ တရားစွဲ၊ အမေရိကန် အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ရဲ့ ထိုင်ဝမ်ခရီးစဉ်ပြီးဆုံးသွားပေမဲ့ အကျိုးသက်ရောက်မှုအဖြစ် တရုတ်ဟာ ထိုင်ဝမ်ကျွန်းတဝိုက် စစ်ရေးလေ့ကျင့်မှုတွေကို အရှိန်မြှင့် ဆက်တိုက် လုပ်ဆောင်.... စတဲ့သတင်းတွေ အပါအဝင် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
ဗွီအိုအေ မြန်မာညချမ်း၊ ဩဂုတ် ၄၊ ၂၀၂၂
ဖမ်းဆီးခံဂျပန်သတင်းသမားကို စစ်ကောင်စီ စွဲချက်တင်၊ စစ်ကောင်စီအကြီးအကဲ SSPP ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံဆွေးနွေး၊ ဒီးမော့ဆိုနဲ့မိုးဗြဲဒေသ တိုက်ပွဲများဖြစ်ပွားနေ စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပါမယ်။